Thursday, June 6, 2013
ကောင်းအောင်နေ
ဆရာတော့် စကား
တပည့်တော်ကို နေတတ်ထိုင်တတ်အောင် စကားတစ်ခွန်းတည်းနဲ့ ဆုံးမခဲ့တာ ဘုရားတပည့်တော် ထိုစကားတစ်ခွန်း ရဲ့ အဓိပ္ပါယ်ကို ကြာရှည်စွာ စဉ်းစားခဲ့ရတယ်။ ခုတော့ နေတတ်ခဲ့ပါပြီ ပြောတတ်ခဲ့ပါပြီ စိတ်ကူးတတ်ခဲ့ပါပြီ
“ မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ ကွာ” လို့ ဆရာတော်မိန့်ခဲ့စဉ်က တပည့်တော် သဘောပေါက်ခဲ့တာက မကောင်းတဲ့သူတွေနဲ့ ကင်းအောင်နေပါ့ ဒီလိုထင်ခဲ့တာ
တစ်ခါတစ်လေ ကိုယ့်မိသားစုဝင်တွေ တစ်အိမ်တည်း အတူနေရတာ မကောင်းတာတွေနဲ့ တွေ့တော့ ကင်းအောင်နေချင်ပေမယ့် မကင်းနိုင်တဲ့ အခြေအနေပါ ဒါဆိုဘယ်လိုလုပ်ရပါ့လို့
မကင်းမှတော့ ကောင်းအောင်နေရတော့မှာပေါ့ တကယ်တမ်းဆရာတော် ဆိုလိုလိုက်သော အဓိပ္ပါယ်မှာ မိတ်ဆွေ အပေါင်းအသင်း မိသားစုဆိုတာတွေသည် မကင်းနိုင်သော အရာများမဟုတ်ပါလား သူတိုကောင်း ကောင်း မကောင်းကောင်း ကင်းလို့မရတော့ ကိုယ်ကကောင်းအောင်နေရမှာပေါ့
ကိုယ့်သဏ္ဍာန်ထဲရှိနေတဲ့ လောဘ ဒေါသ ကိလေသာများကျတော့ တကယ့်ကို ကင်းအာင်နေသင့်သော မကောင်းတဲ့ တရားတွေပဲလို့ သဘောပေါက်ပြီး ကင်းအောင်နေရမှာ လောဘနဲ့ ကင်း အလောဘ နဲ့နေ ဒေါသနဲ့ကင်း အဒေါသနဲ့ နေ
ဘုရားတပည့်တော် မကောင်းတာကိုလည်း ကင်းအောင်ကြိုးစားပါမည် မကင်းတာကိုလည်း ကောင်းအောင် ကြိုးစားပါ့မည် ဘုရား။
ဥပဇ္ဈယ်ဆရာတော်ဖြစ်တဲ့ မှော်ဘီဓမ္မဒူတဆရာတော်အား ရှိခိုးပူဇော်ရင်း
Labels:
ဓမ္မဒူတဆရာတော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment