Wednesday, November 25, 2009

မလ္လိကာ ရဲ့ မာန

အခြေအနေဟာပြောင်းလဲတတ်သလို မာနရဲ့ အနေအထားကလည်း ပြောင်းလဲတတ်ပါတယ်။ ချမ်းသာ ကြွယ်ဝနေတုန်း ဖြစ်တဲ့မာနနဲ့ ဆင်းရဲသွားတဲ့အခါ ဖြစ်တဲ့ မာနတို့ဟာ အနေအထားမတူတော့ပါဘူး။တစ်ချို့ကျတော့ လည်း မာနမဟုတ်ပဲ သံဝေဂဖြစ်တတ်ပါတယ်။ ဆင်းရဲ နေတုန်းက ဖြစ်တဲ့မာနနဲ့ ချမ်းသာသွားတဲ့အခါ ဖြစ်တဲ့မာန တို့ဟာလည်း မတူပါဘူး။အောက်ခြေလွတ်တယ်လို့ ပြောကြ ပါတယ်။ဒါပေမယ့် ဘ၀မမေ့ကြတဲ့လူတွေလည်း ရှိပါတယ်။ချမ်းသာတိုင်း မာနအထောင်တတ်သလို ဆင်းရဲတိုင်းလည်း မာန မကျတတ်ပါဘူး။
သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလမင်းရဲ့ မိဖုရား မလ’ိကာဒေ၀ီဟာ မာနကြီးသူပါ။ ဘုရား တရား သံဃာ ရတနာသုံးပါးကိုကြည်ညို၊ဒါနကို ရက်ရက် ရောရော ပြုပေမယ့် မာနကိုတော့မချပါဘူး၊အထူးသဖြင့် ကောသလမင်းကြီးအပေါ် ပိုပြီးမာနထားပါတယ်။ ကျက် သရေနဲ့ပတ်သက်ပြီး ဘုရင်နဲ့ မိဖုရား ငြင်းခုံကြတယ်။ဘယ်သူကမှ အလျှော့မပေးဘူး၊နောက်ဆုံး မခေါ်မပြောတဲ့ အထိဖြစ်သွားကြတယ်။ မြတ်စွာဘုရား နန်းတွင်း ဆွမ်းခံကြွတဲ့အခါ ကောသလမင်းက ဆွမ်းခဲဘွယ် ဘောဇဉ်တွေ ပြင်ဆင်ပြီး သပိတ်တော်ထဲကိုလောင်းလှူ မယ် လုပ်တဲ့အခါ မြတ်စွာဘုရားက လက်တော်နဲ့ သပိတ်ကို ပိတ်ထားပြီး“မင်းကြီး မလ’ိကာမိဖုရား ဘယ်မှာလဲ”လို့ မေးတော်မူတဲ့အခါမှာ ကောသလမင်းက “အရှင်ဘုရား စည်းစိမ်ယစ်ပြီး မာနကြီးနေတဲ့မိန်းမ ခေါ်မနေပါနဲ့ဘုရား၊” လို့ပြန်လျှောက်တော့ “သင်ကပဲ မြှောက်စားထားတာ မဟုတ်ဘူးလား၊ မင်းကြီး သည်းခံ လိုက်ပါ၊သည်းခံခြင်းလက်နက်ထက်ကောင်းတဲ့ လက်နက် ဆိုတာ မရှိပါဘူး”ဆိုပြီး သည်းခံခိုင်းတဲ့အတွက် ဘုရင်နဲ့ မိဖုရား ပြန်ပြီးပြေလည်သွားကြတယ်။
ဒါပေမယ့် မလ’ိကာဟာ သေတဲ့အထိ မာန်မချ ပါဘူး၊တကယ်ဆို ရတနာသုံးပါးကိုယုံကြည်၊ ဒါနတွေ အမြဲ ပြုလုပ်နေတဲ့ မလ’ိကာဟာ သေပြီးတဲ့နောက် အပါယ်ကို မရောက်သင့်ပါဘူး၊ဒါပေမယ့် ကောသလမင်းကို မဟုတ် မမှန် စွပ်စွဲပြောဆိုခဲ့ဖူးတဲ့အပြစ်ကို မာနခံပြီး မတောင်းပန် မိတဲ့အတွက် (၇)ရက် အပါယ်လားရပါတယ်။ဒါကြောင့်မာနတံခွန်ဟာ ထောင်သင့် လွှင့်တင်သင့်တဲ့ တံခွန်မဟုတ်ပဲ မတင်သင့်တဲ့ တင်မိရင် ချသင့်တဲ့ ကျအောင်ကြိုးစားသင့်တဲ့ တံခွန်မျိုးဖြစ်ပါတယ်။

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner